၂၀၂၄ ခုနစ် ၊ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဆုပေးပွဲ ကျင်းပ

၂၀၂၄ ခုနစ် ၊ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ မေ-၁၀

၂၀၂၄ ခုနှစ် ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)  တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ ၊ အရာရှိ ၊ စစ်သည် ၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲတွင် တစ်ဦးချင်း ဆုရရှိသူများနှင့် အသင်းလိုက် ဆုရရှိသူများကို တာဝန်ရှိသူများကလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းရရှိသော တောင်ငူလေတပ်စခန်းဌာနချုပ်အသင်းအား ကာကွယ် ရေးဦးစီးချုပ်(လေ)ကိုယ်စား ဌာနချုပ်မှူးက လည်းကောင်း တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကွပ်ကဲမှုအောက်ရှိ လေတပ် စခန်းဌာနချုပ်များနှင့် လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ပြီး     ပြိုင်ပွဲတွင် ပစ္စတိုပစ်ခတ်စဉ် (အမျိုးသား / အမျိုးသမီး) ၊  ကာဘိုင်ပစ်ခတ်စဉ် (အမျိုးသား / အမျိုးသမီး)၊ ရိုင်ဖယ်ပစ်ခတ်စဉ် (အမျိုးသား) နှင့် စက်သေနတ်ပစ်ခတ်စဉ်(အမျိုးသား) စသည့် ပစ်ခတ်စဉ်များကို မေလ ၆ ရက်နေ့မှ ယနေ့ထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Dates: 
Monday, August 12, 2024 - 06:33