(၂၈)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကျင်းပ

ရန်ကုန် ဧပြီ ၂

(၂၈)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ်၌ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားကို တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမတွင်ပြုလုပ်ပြီး တပ်မတော်ဆေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်မင်းဦး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

အစီအစဉ်အရ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) ကို "Blueprinting: Creating a Test blueprint" ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။ ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနမှူးများက နံနက်ပိုင်းအစီအစဉ်တွင် ဦးဆောင်ဆွေးနွေးခဲ့ပြီး နေ့လယ်တွင်သင်တန်းသားများက အုပ်စုခွဲလေ့ကျင့်ခန်းပြုလုပ်ပြီး အုပ်စုအလိုက် Presentation များတင်ပြကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့် ဆေးပညာသင်ကြားရေးအတွက် အရေးကြီးအစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် Blueprinting နှင့်စပ်လျဉ်းပြီး အသိအမြင်ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို မိမိတို့သက်ဆိုင် ရာနယ်ပယ် အသီးသီးမှာ ထိထိရောက်ရောက်အကျိုးရှိရှိအသုံးချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

(၂၈)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲအားရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ဆင်ဖြူရှင်ခန်းမတွင် ၂၀၂၁ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ Online စနစ်ဖြင့် Virtual Conference ကျင်းပပြုလုပ် သွားမည်ဖြစ် ကြောင်းသိရသည်။

(၁၀၀)