(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ မေ- ၁၀

 
(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယ နေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်- ၅၀၀)တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ဆက်လက်ကျင်းပ ပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန် ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ် ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

 
ယနေ့တွင် Major Symposium အဖြစ် Development and Changes We Need: Medical Education and Impact of the COVID-19၊ Clinical Session ကို လည်းကောင်း ၊ အခြား Symposium များအဖြစ် Nurses’ Resilience in Myanmar Military in the Face of COVID-19 ၊ Optimising Pulmonary Function by Rehabilitation ၊ Quality Care in Anaesthesia: Nurturing the Culture in COVID-19 Era ၊ COVID-19 and Patients with CKD on Maintenacne Haemodialysis ၊ Impact of Recent Changes in COVID-19 Pandemic from Women’s Health Perspective ၊ Mistakes in Gastro-enterology and Hepatology ၊ COVID-19: Challenges for Physicians ၊ Medicolegal Issues in Obstetrics and Gynaecology ၊ Building Shared Vision in Myanmar Military Medical Practice နှင့် Special Talk ၃ ခုတို့ကို Auditorium ၄ နေရာ၌ ဆွေးနွေးကြသည်။

 
၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ စိတ်ရောဂါပညာ၊ ပြည်သူ့ ကျန်းမာရေး၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးပညာသင်ကြားရေး၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊ သူနာပြုပညာ၊ မေ့ဆေးပညာ၊ အရိုးရောဂါကုပညာ စသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၄၅ စောင် တို့ကို Auditorium ၄ နေရာ တွင် ပါဝင်ဖတ်ကြားတင်သွင်းကြသည်။

 
ထို့ပြင် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့မှ ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီအစဉ်များကို ညနေပိုင်း တွင် ရပ်နား၍ မေလ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင် ၁၁၃ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်- ၅၀၀)တွင် ၂၂၄ ဦး စုစုပေါင်း ၃၃၇ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများ အနေဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု (အရာရှိ)နှင့် သူနာပြု စုစုပေါင်း ၅၀၈ ဦး တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။