(၄၄)ကြိမ်မြောက် ၊ မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

(၄၄)ကြိမ်မြောက် ၊ မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ ၇ ရက်

             (၄၄)ကြိမ်မြောက် ၊ မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ သာသနာ့ဗိမာန်တော်၌ ပြုလုပ်ရာ မုဒုံမြို့၊ သံဃာ့ နာယက ဥက္ကဋ္ဌ ဂျုံးဂျုံးကျတောရစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏကိတ္တိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။

             ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂျုံးဂျုံးကျတောရ စာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားများက ကြွရောက်တော်မူကြသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် စုစုပေါင်း ၂၅၆၈ ပါးတို့ကို ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။