(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး)ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး)ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁

(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး)ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဩဂုတ် ၃၁ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လေ့ကျင့်ရေးအားကစား ရုံ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် (အမျိုးသား/ အမျိုးသမီး)ဘတ်စကက်ဘောအသင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ ဝင်များ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် (အမျိုးသား/ အမျိုးသမီး) တံခွန်စိုက်ဆုဖလားရရှိကြသည့်အသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး)ဘတ်စကက်ဘောပြိုင်ပွဲကို အမျိုးသားဘတ်စကက်ဘောအသင်း ၁၁ သင်းနှင့် အမျိုးသမီးဘတ်စကက်ဘောအသင်း ၄ သင်းတို့ဖြင့် ဩဂုတ် ၂၅ ရက်မှ ယနေ့အထိယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။