စပါးအသင်းသည် နိုဝင်ဘာ ၂၆ ရက်ညက လူဒိုဂိုရတ်ကို လေးဂိုးပြတ် အနိုင်ရသည့်ပွဲ၌ တောင်ပံကစားသမား ဟယ်ရီဝင့်ခ်၏ သွင်းဂိုးမှာ ၅၆ ကိုက်အကွာမှ သွင်းယူခဲ့ခြင်းဖြစ်ပြီး ထိုဂိုးနှင့်ပတ်သက်၍ ဟယ်ရီဝင့်ခ်က ရည်ရွယ်ပြီး ကန်သွင်းခဲ့ခြင်း မဟုတ်ဘဲ ဂိုးဧရိယာအတွင်း ပြေးဝင်လာသော ဂါရတ်ဘေးလ်ထံ လှမ်းတင်ပေးရာမှ ဂိုးသမားကိုကျော်ပြီး ဂိုးထောင့်ထဲ ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
မော်ရင်ဟိုက ““သူက ရိုးသားလွန်းတယ်။ ကျွန်တော်ဒီအတွက် မပျော်မရွှင်ဖြစ်ရတယ်။ ဒီလိုဂိုးသွင်းချင်လို့ သွင်းလိုက်တာလို့ပြောစေချင်တာပါ။ ဒါပေမဲ့ ဒီကစားသမားက အမှန်ပဲပြောသွားတယ်”” ဟု ဖွင့်ဟခဲ့သည်။