(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနား မြို့၌ မလိခဝန်ထမ်းအိမ်ရာ ဖွင့်လှစ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင် ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ မလိခဝန် ထမ်းအိမ်ရာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး နှင့် တာဝန်ရှိသူများက မလိခဝန်ထမ်းအိမ်ရာဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဝန်ထမ်းအိမ်ရာကဗ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် များ ပက်ဖျန်းပေးသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မလိခဝန်ထမ်း အိမ်ရာ ၄ ခန်းတွဲ ၅ ထပ်ပါ ဝန်ထမ်းအိမ်ရာ ၂ လုံးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။