(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အလံတင် အခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အလံတင် အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပသည်။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထာဝစဉ် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး။(၂) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ် ရှင်သန် ထက်မြက်ရေး။

(၃)တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုစည်အားအားဖြင့် နိုင်ငံတော်ကြီး ထာဝရ တည်တံ့ ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်း တည်ဆောက်ရေး။(၄) စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် နိုင်ရေး။(၅) ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေး ဟူသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပခြင်း ဖြစ်သည်။
ရှေးဦးစွာ နံနက် ၅ နာရီ မိနစ် ၂၀ တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး တိုင်းရင်းသား တိုင်းရင်းသူ များက ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။