(၇၆)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံဆေးတပ်ရင်းသို့ အလှူငွေများလာရောက်လှူဒါန်း 

 

(၇၆)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံဆေးတပ်ရင်းသို့ အလှူငွေများလာရောက်လှူဒါန်း 

နေပြည်တော်၊ မတ် - ၂၃ 

(၇၆)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ဆေးတပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိ၊ စစ်သည်၊ သူနာပြုများနှင့် ဆေးရုံတက်လူနာများအတွက် အလှူရှင်များက အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ အလှူရှင်ဖြစ်သည့် ဦးကျော်နေဝင်းမှ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေကျပ်သိန်း ၁၂၀ အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။