(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း(YMBA)က တပ်မတော်ဆေးရုံများသို့ စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ မတ် ၂၆
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသနေသူများ သွေးလို အပ်ချက်မရှိစေရေးအတွက် မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ အသင်းဝင်သံဃာတော်များနှင့် အသင်းသားများက အဆိုပါ တပ်မတော် ဆေးရုံ၌ ယနေ့တွင် စုပေါင်းသွေးလှူဒါန်းကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။
ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များဖြစ်ကြသည့် အသင်း ဝင်သံဃာတော်များနှင့် အသင်းသားများ စုစုပေါင်း ၄၂ ဦးအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင် ရွက်ပေးပြီး သွေးအလှူရှင်များက စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွေးအလှူရှင်များအား အာဟာရပြည့် စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့အတူ (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း(YMBA) က မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်းပွဲကို အဆိုပါ ဆေးရုံကြီး၌ ပြုလုပ်ရာ အသင်းဒုတိယဉက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးသောင်းဝင်းက သွေးလှူဒါန်းရခြင်း နှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ဇင်ညွန့် က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ယင်း နောက် YMBA အသင်း မြောက်ပိုင်းခရိုင်ဉက္ကဋ္ဌ ဒေါက်တာသန်းထွန်းက Wheel Chair တစ်စီးနှင့် သွေးအလှူရှင်များအတွက် အာဟာရပြည့်စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ အလှူရှင်များက အာဟာရပြည့်စားသောက်ဖွယ်ရာများကိုလည်း ကောင်း ပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန် လည်ပေးအပ်သည်။ ဆက်လက်၍ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး အတွက် သွေးအလှူရှင် ၅၀ ဦးက စုပေါင်းသွေးလှူဒါန်းကြရာ ဆေးရုံအုပ်ကြီးနှင့် အသင်းမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
အလားတူ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့လည်း ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA) မှ သွေးအလှူရှင် ၁၃၀ ဦးတို့က စုပေါင်းသွေးလှူ ဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။