(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ စုပေါင်းသွေးလှူဒါန်း

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် မတ် ၂၆

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။
ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင် အရာရှိ၊ စစ်သည်၊ မိသားစု ဝင် ၆၄ ဦးအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့ နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွေးအလှူရှင် အရာရှိ၊ စစ်သည်၊ မိသားစု များအား စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။