(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သုံးခွမြို့ သောက်သုံး ရေဖူလုံရေး ရေကူဖြည့်တင်းခြင်းလုပ်ငန်းဖွင့်ပွဲပြုလုပ်၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံ
နေပြည်တော်၊မတ် - ၁၈
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ သုံးခွမြို့၊ သောက်သုံးရေဖူလုံစေရေးအတွက် ရေကူဖြည့်တင်းခြင်းလုပ်ငန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရေကူ ဖြည့်တင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကမ္ဗည်းမော် ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကာ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖ များအားလည်းကောင်း၊ သုံးခွမြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူများအားလည်း ကောင်း သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော သူဌေးကွင်း-ပုဂံတောင်-ဖားကူး-မောင်းမလမ်းပိုင်း အကျယ် ၁၈ ပေ၊ အရှည် ၁၈ မိုင် ၄ ဖာလုံရှိ လမ်းခင်းကျင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။