(၇၇)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
နေပြည်တော်၊ မတ် - ၉
(၇၇)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခို ရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ပြုလုပ်သည်။
အစည်းအဝေးသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက (၇၇)နှစ်မြောက်တပ်မတော်နေ့အား အောင်မြင်စွာကျင်ပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း အဖွဲ့ကော်မတီများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား သည်။
ထို့နောက် သက်ဆိုင်ရာကော်မတီများနှင့် လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြကြရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ရှင်းလင်းတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။