(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲများနှင့် အလှူငွေ ပေးအပ်ပွဲပြုလုပ်
နေပြည်တော်၊ မတ် - ၂၄
(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌနာချုပ်၊ နယ်မြေခံတပ်အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် မှီခိုသူမိသားစုဝင် စုစုပေါင်း ၆၀ ဦးတို့က စုပေါင်း သွေးလှူဒါးန်ကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများပေးအပ်သည်။
အလားတူ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း ပွဲနှင့် အလှူ ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ယာယီအရေးပေါ် ကုသရေးဆေးရုံ) ကိုဗစ်ကုသရေးစင်တာ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ အထွေထွေရောဂါကုဆေးရုံ(မန္တလေး)မှ ဆေးရုံ အုပ်ကြီး ဒေါက်တာ ဦးသက်အောင်၊ သွေးအလှူရှင်များဖြစ်ကြသော သံဃာတော်များ၊ တပ်ရင်း/ တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်သွေးအလှူရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။
ဦးစွာ သွေးအလှူရှင် စုစုပေါင်း ၁၉၀ ဦးအား နယ်မြေခံတပ်ဆေးအဖွဲ့နှင့် အထွေထွေရောဂါကုဆေးရုံ(မန္တလေး)မှ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင် များက သတ်မှတ်နေရာများတွင် သွေးလှူဒါန်းကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်း မှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွေးအိတ်များပေးအပ်လှူဒါန်းရာ အထွေထွေရောဂါကု ဆေးရုံ(မန္တလေး)မှ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
ထို့အပြင် My Home အထည်ဆိုင်မှ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအတွက် အလှူငွေကျပ် ၂၅ သိန်းကို တိုင်းစစ် ဌာနချုပ်သို့ လာရောက်လှူဒါန်းရာ တိုင်းမှူးကလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။