(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အနော်ရထာလမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အနော်ရထာလမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်

နေပြည်တော်၊ မတ် - ၉

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အနော်ရထာလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကတ္တရာလမ်းသစ်ဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ကတ္တရာ လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားဖြတ်သန်းကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။