“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော် အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများ ရေးထိုးပူဇော်ထား သည့် ကျောက်စာချပ်များကိုလည်း စိုက်ထူပူဇော်သွားမည်ဖြစ်

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော် အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများ ရေးထိုးပူဇော်ထား သည့် ကျောက်စာချပ်များကိုလည်း စိုက်ထူပူဇော်သွားမည်ဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာ တော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိပါသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော်ကြီးများ၏ ဩဝါဒများနှင့်အညီမြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ် သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး အခြားသာသနိက အဆောက်အဦများကိုပါ ပြည့်စုံစွာထည့်သွင်း၍ ရတနာပုံခေတ် မြန်မာ့အနုပညာ လက်ရာ စုံလင်စွာဖြင့် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ ပလ္လင်တော် အပိုင်း ၁ နှင့် ၂ ကိုနေရာ ချထားပြီးစီးပြီဖြစ်ကာ ကျန်ရှိသည့် အပိုင်းများ ကိုလည်း ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက်လျက်ရှိ သည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒအရ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာမြတ် ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညိုပူဇော်နိုင်ရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရေး၊ ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ထွင်းထုပူဇော်စိုက်ထူနိုင်ရေး အတွက်လည်း စီစဉ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်လည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ဩဝါဒကို ဦးစွာခံယူခဲ့ပြီး နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံသို့ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ကိုယ်တိုင် လျှောက်ထား၍ လမ်းညွှန်ဩဝါဒခံယူခဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်းညွှန် ဩဝါဒ များ ခံယူပြီးနောက် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင် ကျောက်တော်များ၌ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ အရှင်သီလာနန္ဒာဘိဝံသ ၏ လမ်းညွှန်မှုဖြင့် နိုင်ငံ တော် ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ် ကွပ်ကဲ၍ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို Romanize Language ဖြင့် ဖလှယ်ထား ရှိခဲ့သည့် ပါဠိ အက္ခရာနှင့် Romanize Language တို့ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ် ပါသည်။
အဆိုပါ ကျောက်စာတိုက်များ တည်ထားနိုင်ရေးဆောင်ရွက်ရာတွင် ကျောက်စာ ချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန် တင်ထားသည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း ဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာ တင် ပိဋကတ်ကျောက်စာရုံများအား အလေးထား စံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောက်စာရုံအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မ ရှိမည်ဖြစ်သည်။
ယခု ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ရေးထိုး ပူဇော် ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်း ဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘ ပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင် ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာ များကိုပါ တစ်ပါတည်း ကြည်ညို လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။
အဆိုပါ ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များ၊ စေတနာရှင်များ၊ တိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်လျက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူငွေများကို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် ကျောက်စာရုံ လှူဒါန်းရာ၌ ကျောက်စာရုံ ၁ ခုလျင် ငွေကျပ် ၂၇၉ သိန်းကျသင့်မည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ကုသိုလ်ရှင်များအား ကမ္ပည်းမှတ်တမ်းရေးထိုး ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် နိဗ္ဗာန် အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။