Asian Game နှင့် Sea Game ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသက် ၆၀ နှစ်နှင့် အထက်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

Asian Game နှင့် Sea Game ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသက် ၆၀ နှစ်နှင့် အထက်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

Asian Game နှင့် Sea Game ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသက် ၆၀ နှစ်နှင့် အထက်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြို့တော်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန် ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက Asian Game နှင့် Sea Game ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသက် ၆၀ နှစ်နှင့် အထက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံ့ဂုဏ်ဆောင်အား ကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။