COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့၏အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine ရောက်ရှိ

COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့၏အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine ရောက်ရှိ

နေပြည်တော်၊ မတ် ၃၀

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်အသုံးပြုရန် အတွက် COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine သည် ယနေ့နေ့လယ် ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေဆိပ်မှ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့တင်သွင်းသည့် ဆေးတစ်လုံးလျှင်လူတစ်ဦးထိုးနှံနိုင်သည့် Sinovac (CoronaVac) Vaccine ၂၂၄၂၈၀၀ does ကို SICHUAN AIRLINE ဖြင့် တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပုံးအရေအတွက် ၆၃ ပုံး၊ 29245 Kg ပါရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ ထွန်းမင်းနှင့် တာ၀န်ရှိသူတို့က လက်ခံရယူပြီး မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းသို့ အအေးလမ်းကြောင်းမပြတ် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆက်လက်ဖြန့်ခွဲကာ ဦးတည် အုပ်စုအလိုက် ပြည့်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။