COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေ များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၀    
အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)၏ (၂၅)နှစ်ပြည့် ငွေရတု ကျောင်းဆင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းဆင်းအရာရှိများမှ COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ပြုလုပ်သည်။    
ဦးစွာ အလှူရှင်များကိုယ်စား ကျောင်းဆင်းအရာရှိတစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူငွေကျပ် ၂၅၄၀၀၀၀ အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။