COVID-19  ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၀    
COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်  တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19  ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းပေးလျက်ရှိသည်။    
ထိုသို့လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။