COVID-19  ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန် အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၉

 

COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19  ရောဂါကုသရေး ဌာနများအရောက် သွားရောက် လှူဒါန်းလျက်ရှိသည်။

 

 ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း) စဝ်စံထွန်း ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၀၀ လုံးကို လည်းကောင်း  တပ်မတော် Oxygen Plant  များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက သွားရောက် လှူဒါန်းကြသည်။

 

ထိုကဲ့သို့ ပြည်သူ့ဆေးရုံများသို့ တပ်မတော် Oxygen Plant  များမှ အောက်ဆီဂျင် များ ဖြည့်သွင်းလှူဒါန်းမှုနှင့် ပတ်သက်၍ ယခုလိုပဲ ပြောကြားခဲ့ပါတယ်-

အခုလက်ရှိမှာဆိုရင် ကျွန်တော်တို့ ဆေးရုံမှာ စုစုပေါင်း ၇၁ ခုတင်စာ တိုးချဲ့ပြီးတော့ လက်ခံကုသပေးလျက် ရှိပါတယ်။

ပြည်သူ့ဆေးရုံတွေအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ကိုယ်တတ်နိုင်တဲ့ဘက်က စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ကိုဗစ်လူနာတွေအတွက်    အဓိကကုရတာက ဆေးဝါးထက် အဓိက Oxygen Supply လိုပါတယ်။ စက်တွေရှိသော်လည်းပဲ နောက်မှာ ဆလင်ဒါထဲကိုဖြည့်ဖို့    အောက်ဆီဂျင်အများကြီးလိုပါတယ်။ ကိုဗစ်မတိုင်ခင်က ကျွန်တော်တို့ဆေးရုံနဲ့   အောက်ဆီဂျင် ဆလင်ဒါအိုးကြီး   တစ်နေ့ကိုသုံးတဲ့ နှုန်းပျမ်းမျှအလုံး ၃၀ ကနေ ၄၀ ခန့်ပဲရှိပါတယ်။

အခုလက်ရှိအခြေအနေမှာ ဒီအောက်ဆီဂျင် အသုံးများလာတဲ့ အခါကျတော့ နောက်ကနေ ဖြည့်ဆည်းပေးနေဖို့က အရေးကြီးပါတယ်။

စက်ဘယ်လောက်ပဲရှိရှိ အောက်ဆီဂျင် ဆလင်ဒါမဖြည့်နိုင်ရင် လူနာတွေအတွက် အခက်အခဲဖြစ်မှာပါ။ အဲဒါအဆင်ပြေအောင် နဂိုချိတ်ဆက်ထားတဲ့    စက်ရုံကလည်း တိုးမြှင့်ပြီးတော့ ကျွန်တော်တို့ကို Supply လုပ်ပါတယ်။  နောက်တစ်ခါ  တပ်မတော် အောက်ဆီဂျင်စက်ရုံပေါ့။ အဲ့ဘက်ကလည်း တစ်ရက်ခြား ကျွန်တော်တို့ကို အလုံး ၄၀ လောက်ဖြည့်ပေးပါတယ်။ အဲဒီအတွက် ကျွန်တော်တို့လူနာတွေကို အောက်ဆီဂျင်ပေးတဲ့နေရာမှာ ကျွန်တော်တို့ နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့။ ခုလက်ရှိမှာတော့ လုံလုံလောက်လောက်ပေးနေနိုင်ပါတယ်။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။