Covid-19  ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေ လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၄

 တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံး ပြုနိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့်Mask ၁၀၀၀ ခုကို တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့အတွင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၁၅၀၀ ခုကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အတွင်း၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော် သားများက အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသောနေရာများ၌ ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းကြသည်။

 Covid-19  ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန် အတွက် Mask များကို အခမဲ့ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။