COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း
နေပြည်တော်၊ ဇန်နဝါရီ - ၂၅
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အောက်ဆီဂျင်အိုး ၁၅ လုံးကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင် များ ဖြည့်သွင်းပြီး သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။