COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၀    
COVID-19  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask  များတပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဗျောတောဝလမ်းဆုံ၊ ကမ်းနားလမ်းဆုံ၊ ရွာမလယ်ခြဲလမ်းဆုံ၊ သပြေချောင်း လမ်းဆုံ၊ ကမြောကင်းလမ်းဆုံ၊ ကမ်းနားဈေးနှင့် ဓာတ်ရှင်ဝဲလမ်းဆုံ၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာနှင့် ရွှေပြည်စိုးကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းရှေ့၊ လောင်းလုံးမြို့နယ်၊ ကဘူကျေးရွာနှင့်ပန်းဒလဲကျေးရွာအဝင်အထွက်တို့၌ ဖြတ်သန်းသွားလာ လျက်ရှိသော ဒေသခံပြည်သူများအတွက် Mask ၈၀၀၀ ခုကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက အခမဲ့ပေးဝေခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီဘေ)သို့ Mask  ၅၀၀၀ ခုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်လှူဒါန်း ခြင်းများ ဆောင်ရွက်ပေးသည်။    
COVID-19   ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် အရည်အသွေးကောင်းမွန်သည့်  Mask  များကို ပြည်သူများလက်ဝယ် အရောက် သက်ဆိုင်ရာနယ်မြေခံတပ်မတော်သားများက အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။