COVID-19   ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့်Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ COVID-19   ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံး ပြုနိုင်ရန် လက်ဝယ်အရောက်အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၅၀၀ ခုကို တောင်ငူမြို့အတွင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask   ၃၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံပြည်သူများတစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းကြသည်။    
COVID-19  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် Mask  များကို အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။