COVID-19 ရောဂါကာကွယ်ဆေးများအား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ တပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်
နေပြည်တော်၊ မတ် - ၉
တပ်မတော်အနေဖြင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မထိုးနှံရ သေးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် ထိုးနှံနိုင်ရေးအတွက် တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ COVID-19 ရောဂါကာကွယ်ဆေးများကို ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးအကြိမ်အရေအတွက် ၈ သောင်းစီထိုးနှံနိုင်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟဲဟိုးလေဆိပ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးလေဆိပ်သို့ လည်းကောင်း၊ ကာကွယ်ဆေး အကြိမ်အရေအတွက် ၄ သောင်းထိုးနှံနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံလေဆိပ်သို့ လည်းကောင်း၊ ကာကွယ်ဆေးအကြိမ်အရေအတွက် ၃ သောင်းထိုးနှံနိုင်ရန် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်လေဆိပ်သို့လည်းကောင်း၊ ကာကွယ်ဆေးအကြိမ်အရေအတွက် ၂ သောင်း ထိုးနှံနိုင်ရန် မြိတ်လေဆိပ်သို့ လည်းကောင်း ပို့ဆောင်ပေးခဲ့ရာ ပြည်နယ်/ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီးလက်ခံရ ယူကြသည်။ အဆိုပါကာကွယ်ဆေးများအား တပ်မတော်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။