COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၉
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ ရာ အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံ စုစုပေါင်း ၇၈ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာစုစုပေါင်းအင်အား ၅၅၇၄ ဦးတို့ကို စုစုပေါင်း ငွေကျပ်၂၅ သိန်းကျော်တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။

ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊အရိုးအကြောအထူးကု ဆေးရုံကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နှင့် လင်းခေးမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိုင်းယောင်းမြို့နှင့် မိုင်းဆတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် ပလောက်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ အင်းရဲတိုက်နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ယင်းတော်တိုက်နယ်ဆေးရုံ၊  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ရွှေကျင်မြို့၊ ဒုံဇရစ်တိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။