COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၅
        
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ သည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊  ဥတ္တရ သီရိမြို့နယ်၊ အရိုးအကြောအထူးကုဆေးရုံကြီးနှင့် ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းယောင်းမြို့နှင့် တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် တိုက်နယ်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ဘုတ်ပြင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဟင်္သာတမြို့၊ ငပုတောမြို့နှင့် ကန်ကြီးထောင့်မြို့တို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ခရိုင်ပြည်သူ့ဆေးရုံနှင့် ဇီးကုန်းမြို့တိုက်နယ်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ဝက်ဝံတိုက်နယ်ဆေးရုံ၊ မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေတံတားကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြ သည်။
    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊  လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၊ ပိတောက်ချောင် ကျေးရွာနှင့် ကြောင်ရေကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ မင်းတပ်မြို့ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေတံတားကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။