COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်သို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၀
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်သို့ အလှူရှင်များက လာရောက်ပေးအပ်လှူဒါန်းသည်။
ဦးစွာ အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေကျပ် ၃၂၂ သိန်းကျော်ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင် က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။