COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၅

COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19  ရောဂါကုသရေးဌာနများ အရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

 ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်လှူဒါန်းသည်။

 တပ်မတော်အနေဖြင့် COVID-19  ရောဂါကုသရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ၌ အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြည့်ဆည်း သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။