Covid-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ ပေးဝေလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် Mask များ အသုံးပြုနိုင်ရန် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေ လှူဒါန်းလျက်ရှိသည်။

 ထိုသို့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် Mask၁၅၀၀ ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အများပြည်သူ ဖြတ်သန်း သွားလာလျက်ရှိသော နေရာများ၌ နယ်မြေခံ တပ်မတော်သားများက ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။