COVID-19 ရောဂါကြိုတင် ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask များကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက အခမဲ့ပေးဝေ လှူဒါန်း

နေပြည်တော်  ဒီဇင်ဘာ  ၁၅

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများအသုံးပြုနိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက Mask ၁ဝဝဝ ခုကိုပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်း၌ ဒေသခံပြည်သူ တစ်ဦးချင်း၏လက်ဝယ် အရောက် အခမဲ့ပေးဝေ လှူဒါန်း ကြသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူဖြစ်စေရန်အတွက် Mask များကို ဒေသခံ ပြည်သူများအား အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။