Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သွေးလိုအပ်ချက်မဖြစ်စေရေး စုပေါင်း သွေးလှူဒါန်း

 

Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သွေးလိုအပ်ချက်မဖြစ်စေရေး စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၂၉
    
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း သွေးလိုအပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် မော်လမြိုင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု စုစုပေါင်း ၂၃ ဦးက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းကြသည်။                                 

ဦးစွာ သွေးလှူဒါန်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သက်မှတ်နေရာအသီးသီး၌ စုပေါင်းသွေး လှူဒါန်းကြသည်။ ယင်းသို့ သွေးလှူဒါန်းနေမှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။