COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

 

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ ဇန်နဝါရီ - ၂၅
    
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ရွှေဖရုံသီး ၈၉၃ လုံး၊ နာနတ်သီး ၅၅၀ လုံး၊ သင်္ဘောသီး ၂၉၆ လုံး၊ ကျောက်ဖရုံသီး ၃၅၄ လုံး၊ ဖီးကြမ်းငှက်ပျောသီး ၂၉၅ ဖီး၊ သီးမွှေးငှက်ပျောသီး ၃၁၆ ဖီး၊ ရခိုင်ငှက်ပျောသီး ၁၆၄ ဖီး၊ ငရုတ်သီးစိမ်း ၁၈၂ ပိဿာ၊ နနွင်း ၁ ပိဿာ၊ နှမ်းမဲ ၆ ပိဿာ၊ ငရုတ်သီးခြောက် ၆ ပိဿာစသည့် သီးနှံများတို့ကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့်  ထပ်မံဝယ်ယူပေးခဲ့ကြောင်း သတင်းရရှိသည်။