နေပြည်တော် ဖေဖော်ဝါရီ ၂၂
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူ နည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်စီး ဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံ တောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီ သီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ တီကျစ်မြို့နယ်၊ ကုန်းလော့ကျေးရွာရှိ ဒေသခံ တောင်သူများထံမှ ဂေါ်ဖီထုပ် ၅၉၄၂ ထုပ်တို့ကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ထပ်မံဝယ်ယူ ပေးခဲ့ကြောင်း သတင်းရရှိသည်။