COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

          COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ အလှူရှင်များက လာရောက်ပေးအပ် လှူဒါန်းသည်။

          ဦးစွာ အလှူရှင်များဖြစ်သည့် အလုပ်သင်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၃) ကျောင်းဆင်းအရာရှိများ ကိုယ်စား တာဝန်ရှိသူ တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် လက်သန့်ဆေးရည် ၂၈၈ ဘူး၊ ခေါင်းလျှော်ရည် ၃ဝဝဝ ထုပ်၊ 3 Layer Mask  ၅ဝဝဝ ခုနှင့် အလှူငွေ ၁၁၂ဝဝဝဝ ကျပ်တို့ကို ပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။