နေပြည်တော်၊ အောက်တိုဘာ - ၉
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များတပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များဖြစ်ရန်လည်းလိုအပ်သည်ဖြစ်ရာ တပ်မတော်အနေဖြင့် အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁)၊ အမှတ်(၁၂)နှင့် အမှတ်(၁၄)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်နှင့် အပြင်ပဒံရပ်ကွက်တို့ရှိ ဒေသခံပြည်သူများအတွက် ြေျု ၁၀၀၀၀ ခုကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရှင်ပင်ဘုန်းပွင့်လမ်းဆုံ၊ အောင်ဧရာဈေး၊ ရွှေပြည်သာဈေး၊ လမ်းသစ်ခွလမ်းဆုံ၊ ရန်ကင်းတောင်အမှတ်(၁၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဖိုးရွှေမြကုန်းကျေးရွာ၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဟိုင်းကြီးရေဆိပ်၊ စစ်ဆေးရေးဂိတ်၊ အမှတ်(၂)ရပ်ကွက်တို့ရှိ ဒေသခံပြည်သူများနှင့် ဟိုင်းကြီးကျွန်းမြို့ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက်စုစုပေါင်း Mask ၂၄၅၀ ခုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝက်ဝံစစ်ဆေးရေးဂိတ်၊ ရမည်းသင်းမြို့နယ်၊ သဲကွဲကျေးရွာအနီးတို့၌ ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအတွက် Mask ၁၅၀၀ ခုကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ညောင်လေးပင်ဈေး၊ ရေတာရှည်မြို့၊ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၊ ပဲခူးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အခွန်လွတ်ဈေး၊ ကျောက်တံခါး မြို့နယ်၊ ပဲနွယ်ကုန်းဈေး၊ တောကျွဲအင်းဈေး၊ ပြည်မြို့၊ ကိုးသောင်းဈေး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ဥသျှစ်ပင်ဈေး၊ အင်းမမြို့၊ ကျောက်ကြီးမြို့လမ်းဆုံ၊ ပျဉ်းပုံကြီးမြို့ဈေး၊ ရွှေကျင်မြို့ မီးပွိုင့်လမ်းဆုံ၊ ရွှေကျင်-တောင်ဘက်ကမ်းချောင်းကူးတံတားထိပ်၊ ဘုရားကြီးဈေးတန်း၊ ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် လိပ်သိုမြို့တို့ရှိ ဒေသခံပြည်သူများအတွက် Mask ၁၁၅၀၀ ခုကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက အသီးသီး အခမဲ့ပေးဝေလှူဒါန်းကြသည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူဖြစ်စေရန်အတွက် အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများလက်ဝယ် အရောက်သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများက အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။