COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၅

 COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့အဝင်အထွက်မုခ်ဦး၌ ဖြတ်သန်း သွားလာလျက်ရှိသော ဒေသခံပြည်သူများ အတွက် Mask ၁၅၀၀ ခုကို တစ်ဦးချင်း၏ လက်ဝယ်အရောက်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ နှင့်နယ်မြေခံ တပ်မတော်သားများက အခမဲ့ပေးဝေ လှူဒါန်းကြသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန် အတွက် အရည်အသွေး ကောင်းမွန်သည့် Maskများကို ပြည်သူများလက်ဝယ် အရောက် သက်ဆိုင်ရာနယ်မြေခံ တပ်မတော်သားများက အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။