COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၇

    တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask  များကို ပြည်သူများ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြုနိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိသည်။

     ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် Mask ၅ဝဝဝ ခုကို မြိတ်မြို့နယ်အတွင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၃ဝဝဝ ခုကို လှိုင်သာယာမြို့နယ်အတွင်း၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၂၅ဝဝ ခုကို ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်း သွားလာလျက်ရှိသည့် နေရာများတွင် ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်သို့အရောက် အခမဲ့ပေးဝေ လှူဒါန်းကြသည်။

    COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန် အတွက်  Mask များကို အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။