COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၃

  တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask  များကို ပြည်သူများ COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၂၀၀ ခုကို ခိုလမ်မြို့နှင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် Mask ၆၀၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ မြိတ်မြို့တို့၌ အများပြည်သူ ဖြတ်သန်း သွားလာလျက်ရှိသည့် နေရာများတွင် ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်သို့ အရောက်အခမဲ့ ပေးဝေ လှူဒါန်းကြသည်။

COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask များကို အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။