နေပြည်တော် ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဟိုခုံကျောင်းပရိယတ္တိ စာသင်တိုက်တွင် သီတင်းသုံးလျက်ရှိသော ဒေါက်တာ အာလောက ဖမဟာရှဲန်လျဲန်း အရှင်သူမြတ်သည် အိန္ဒိယနိုင်ငံ University Of Mysore တက္ကသိုလ်မှ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ပညာ သင်နှစ်တွင် Doctor Of Philosophy ဒေါက်တာဘွဲ့ဆွတ်ခူးရရှိ အောင်မြင်တော် မူခဲ့ခြင်းကြောင့် ကျိုင်းယင်းကျောင်းတိုက် ဂိုဏ်းချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာရ်စာရ အမှူးပြုသော သံဃာတော်များနှင့် စေတနာရှင် အပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုခုံကျောင်းတိုက်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း တိုက် ဂိုဏ်းချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက မေတ္တသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ဒေါက်တာ အာလောကဖမဟာရှဲန်လျဲန်း၏ထေရုပ္ပတ္တိ ကို ဖတ်ကြား လျှောက်ထားကြသည်။
¤င်းနောက် တိုင်းမှူးနှင့်အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းကြပြီး ဟိုခုံကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ အနုမောဒနာတရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။