The Great Lethwei ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ

The Great Lethwei ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ

ရန်ကုန်  နိုဝင်ဘာ ၂၇

The Great Lethwei ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ရာ CANAL+ Sports 1 ရုပ်သံလိုင်းနှင့် CANAL+Application တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းဖြစ်သည့် နာမည်ကျော်သံမဏိစိုးလင်းဦးနှင့် ကျားပါးလို့တင်စားခံရသူ သွေးသစ်ဝင်းလှိုင်တို့ ယှဉ်ပြိုင် ထိုးသတ်ရာ သွေးသစ်ဝင်းလှိုင်က စိုးလင်းဦးကို အမှတ်ဖြင့်အနိုင်ရရှိသည်။

ထို့အတူ ဒုတိယခေါင်ပွဲဖြစ်သည့် ကျော်စွာဝင်းနှင့် မင်းထက်အောင်တို့ ပြိုင်ပွဲတွင် ကျော်စွာဝင်းအလဲထိုးဖြင့် အနိုင်ရရှိသည်။ ကျော်စွာဝင်းသည် ၇၁ ပွဲထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့သူဖြစ်သည်။

ယနေ့ပြိုင်ပွဲ၏ ၅၄-၅၇ ကီလို(ဖယ်သာဝိတ်တန်း) စောငမောက်နှင့် အောင်သောင်းတို့ပွဲတွင် စောငမောက်ကလည်းကောင်း၊ ၅၇-၆၀  ကီလို(လိုက်ဝိတ်တန်း) ဇွဲမာန်နှင့်စောဂျွန်တို့ပွဲတွင် စောဂျွန်ကလည်းကောင်း၊ ၆၀-၆၃ ဒသမ ၅ ကီလို(လိုက်ဝယ်လ်တာဝိတ်တန်း) မိုးမှောင်နှင့် ထက်နိုင်အောင်တို့ပွဲတွင်  ထက်နိုင်အောင်ကလည်းကောင်း အလဲထိုးဖြင့်အနိုင်ရရှိခဲ့ကြသည်။

ထို့အတူ ၅၄-၅၇ ကီလို(ဖယ်သာဝိတ်တန်း) ကိုကိုနှင့် အောက်ထက်ဦးတို့ပြိုင်ပွဲတွင် ကိုကိုကလည်းကောင်း၊ ၆၃-၆၃ ဒသမ ၅ကီလို (လိုက်ဝယ်လ်တာဝိတ်တန်း) စောဝါလုနှင့် ကိုနိုင်းတို့ပြိုင်ပွဲတွင် ကိုနိုင်းကလည်းကောင်း၊ ၆၃ ဒသမ ၅-၆၇ ကီလို (ဝယ်လ်တာ ဝိတ်တန်း) သွေးသစ်မောင်နှင့် စောမင်းမင်းတို့ပြိုင်ပွဲတွင် စောမင်းမင်းကလည်းကောင်း အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။                                

ဝန်းရံခ