KIA(အဖွဲ့)ထောင်ထားသော နင်းမိုင်း တစ်လုံး နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာရရှိ

နေပြည်တော် ၊ အောက်တိုဘာ - ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အူဗျစ်ကျေးရွာနေ မောင်လနူးသည် မေခမြစ်တစ်ဖက်ကမ်းရှိ ၎င်း၏တောင်ယာတဲမှတစ်ဆင့် တောအတွင်းသို့ သားကောင် ထောင်ရန် သွားရောက်စဉ် အောက်တိုဘာ ၁၄ ရက်နံနက် ၁၀ နာရီခွဲခန့်တွင် အင်ဂျန်းယန် မြို့နယ်၊ ဇွပ်ရာယန်ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့် အကွာနေရာသို့အရောက်၌ KIA (အဖွဲ့) ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင်မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

 အဆိုပါ မိုင်းထိလူနာအား မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။