KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ - ၁၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊  ကုန်းနှောကျေးရွာနေ ဦးမရန်နော်(ဘ) ဦးတေဖောနော် သည် ယနေ့နံနက် ၉ နာရီခန့်တွင် ၎င်း၏တောင်ယာခင်းသို့ သွားရောက်စဉ် ကျေးရွာ၏အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့ မှ ထောင်ထားသည့် နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးမရန်နော် တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား ဗန်းမော်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။