KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြဝတီ-ကော့ကရိတ်အာရှ လမ်းသစ်ပေါ်၌ သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင် ယာဉ်များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ

KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြဝတီ-ကော့ကရိတ်အာရှ လမ်းသစ်ပေါ်၌ သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင် ယာဉ်များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ

နေပြည်တော်၊ မတ် - ၁၄

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှ လမ်းသစ်ပေါ်၌ သွားလာလျက်ရှိသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်မော်တော်ယာဉ် များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မော်တော်ယာဉ် များအား မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်စီးစေရန်နှင့် ခရီးသွားပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ကော့ကရိတ်မြို့နယ်၊ တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအား မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီးမှုပြုလုပ်ခဲ့သည်။
ဖြစ်စဉ်မှာ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်၌ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်အတိုင်း မောင်းနှင်လာသော ၁၀ ဘီးယာဉ်တစ်စီး သည် မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် တတန့်ကူး ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာသို့ အရောက်၌ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ ပါဝင်သော အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ် ရပ်တန့်စေပြီး ယာဉ်မောင်းအား ယာဉ်ပေါ်မှဆင်းခိုင်းကာ မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင်လည်း မြဝတီမှ ရန်ကုန်သို့ ပြေးဆွဲ နေသည့် ရွှေစင်စင်္ကြာခရီးသည်တင်မော်တော်ယာဉ်နှင့် ၂၂ ဘီးယာဉ် ၁ စီးတို့အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပါဝင်သော အင်အား ၁၅ ဦးခန့်က တတန့်ကူးကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀ ခန့်အကွာ၌လည်းကောင်း၊ ဖာပွန် ကမမောင်း လမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှ လမ်းသစ်၌ လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ခရီးသည်တင်ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မတ် ၁၃ ရက် နေ့လည်ပိုင်းတွင်လည်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ သံကူကွန် ကရစ်အမျိုးအစား တံတားအမှတ်(၅/၉၁)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားတိုင်ပဲ့ထွက်ပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာ နိုင်ပြီး ကုန်တင်ယာဉ်နှင့် အခြားယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရှိရသ ဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် မီးရှို့ခံခဲ့ရသည့် ကုန်တင် ကား မောင်းနှင်သူတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားခဲ့ပုံအား ယခုလိုပဲ ကြားသိရပါတယ်- (interview audio ဖိုင်ပြရန်) (သတင်းစာတွင် စာသား လုံးကောက် သင့်တော်သလို ဖြည်၍ ထည့်ရန်။)
KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ် လဆန်းပိုင်းတွင်လည်း မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ သွားလာနေသည့် ခရီး သည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ 8 ရက်နေ့တွင် သင်္ကန်းညီနောင်-ကော့ကရိတ်သွား ကားလမ်းအတိုင်း မောင်းနှင်လာ သော လုပ်ငန်းသုံးဂတ်(စ်)များ သယ်ဆောင်လာသည့် မော်တော်ယာဉ်အား KKO (ခွဲထွက်)အဖွဲ့မှ ၄၀ မမ ဗုံးသီးများဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ ယာဉ်ဦးခေါင်းပိုင်း ဗုံးသီးထိမှန် မီးလောင်ကျွမ်းခဲ့ရသည်။
အလားတူ မြဝတီမြို့မှ မန္တလေးမြို့သို့ပို့ဆောင်ရန် Argon Gas အရည်များ တင်ဆောင်ထွက်ခွာလာသည့် ဦးထွန်းမင်းဦး(ဘ) ဦးကိုမြင့် မောင်းနှင်ပြီး ရဲထူးအောင်(ဘ)ဦးဝင်းထူး လိုက်ပါလာသော မော်တော်ယာဉ်သည် ဇန်နဝါရီလ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ်၊ တတန်ကူး ကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာသို့ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ မော်တော်ယာဉ် လေကာမှန်နှင့်ကားဘီးများ လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ရသည်။
အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မြဝတီမှရန်ကုန်သို့ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ဦးဇော်ဇော်ဦး(ဘ) ဦးသန်းအောင် မောင်းနှင်ပြီး ဇနီး ဒေါ်ရှမ်းမ(ဘ) ဦးလှမြင့် လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်သည် ကော့ကရိတ်မြို့နယ် ချောင်းတောင်ရွာ၏ အရှေ့တောင်ဘက် မီတာ ၈၀၀ ခန့်အကွာ သို့ရောက်ရှိစဉ် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ယာဉ်အားရပ်တန့်စေပြီး မော်တော်ယာဉ်အား ဓာတ်ဆီလောင်း၍ မီးရှို့ ဖျက်ဆီးခဲ့သည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူနေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက် ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ် များကို တဖက်သတ်အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။