မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် အပြစ်မဲ့အလုပ်သမား ၄၇ ဦးအား ဒေသဖွံ့ဖြိုးရေးကို မလိုလားသည့် KNDO အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ၂၅ ဦးကို ရက်ရက်စက်စက် အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည့် သတင်းအား ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ KNDO အဖွဲ့၏ သတ်ဖြတ်ခြင်းခံရသော အပြစ်မဲ့ပြည်သူ ၂၅ ဦး၏ ကျန်ရစ်ခဲ့သည့် မိဘဆေွမျိုးများအား အလှူငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့၊ သင်္ကန်းညီနောင်ကျေးရွာ၊ နယ်မြေခံတပ်နယ်ရှိ ကျွန်းရွှေဝါခန်းမ၌ပြုလုပ်ရာ မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ တပ်နယ်မှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တွဲဖက် ဉက္ကဋ္ဌ ဦးမျိုးမြင့်၊ ခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဌာနမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် သေဆုံးသူများ၏ မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။
ထို့နောက် သေဆုံးသူများ၏ မိသားစုဝင် မိဘဆွေမျိုးများအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ထောက်ပံ့ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၃၈၀ ကျော်၊ အသုံးအဆောင်ပစ္စည်းများ၊ ဆန်နှင့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ သေဆုံးသူ များ၏ မိသားစုဝင်များက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။