PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နည်းမျိုးစုံအသုံးပြု၍ နှောင့်ယှက်ဖျက်ဆီး

PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နည်းမျိုးစုံအသုံးပြု၍ နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်၊ ဇူလိုင် ၁၈

 

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံအသုံးပြု၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ဇူလိုင် ၁၇ ရက် နံနက် ၆ နာရီ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာတွင်နေထိုင်ပြီး အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာမ ၇ ဦးတို့၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက “ဆရာ၊ ဆရာမများ CDM ပြုလုပ်ရန်၊ ကျောင်းဆက်တက်ခြင်းဆက်လက်မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အပြတ်ချေမှုန်းသွား မည်ဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် သတိပေးခြင်း” ဟု ရေးသားထားသည့် ခြိမ်းခြောက်စာ နှင့်အတူ ကျည်ဆံ တစ်ထောင့်တို့အား အသီးသီးလာရောက်ပစ်ချ ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရ သည်။
ထို့ပြင် ဇူလိုင် ၁၇ ရက်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင် ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း ကျောင်းတက်ရောက်မှုကို အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်ဆန့်ကျင်သည့် စာများ ရေးသား နှောင့်ယှက်ထားသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။