PDF အမည်ခံ အကြမ်းဖက်သူများ လုပ်ကြံသတ်ဖြတ်၍ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်၌ ကျန်ရှိခဲ့သည့် ငွေကြေးနှင့်လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံ

PDF အမည်ခံ အကြမ်းဖက်သူများ လုပ်ကြံသတ်ဖြတ်၍ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်၌ ကျန်ရှိခဲ့သည့် ငွေကြေးနှင့်လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံ

နေပြည်တော် ဒီဇင်ဘာ ၂၉

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သူများ၏ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့် တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေပေးခဲ့ပြီးမိသားစုဝင်များထံ ပြန်လည်အပ်နှံသည့်အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၄)၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ်မျိုးမင်း၊ ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြန်လည်ရှာဖွေရရှိခဲ့သည့် သေဆုံးသူများ၏ငွေကြေးနှင့် လက်ဝတ် ရတနာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် မျိုးမင်း နှင့် ရဲဗိုလ်ချုပ် အောင်အောင်တို့က သေဆုံးသူများ၏သားနှင့်တူဖြစ်သူဦးကိုကိုမောင်နှင့် မိသားစုဝင်များထံ ပြန်လည်အပ်နှံ့ခဲ့ပြီးနောက် ဦးကိုကိုမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယခုကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ရွှေထည်ပစ္စည်းအမျိုးအစား (၂၀) မျိူး၊ ငွေသား (၂၁၁၃၈၀၀)ကျပ်၊ အငြိမ်းစားလစာစာအုပ်(မူရင်း) ၁ အုပ်၊ နိုင်ငံသား စိစစ်ရေးကတ်(မူရင်း) ၁ ခုနှင့် အိမ်ထောင်စုလူဉီးရေစာရင်း(မူရင်း) ၁ ရွက်တို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သူများက စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ဒေါင့်ကြီးကျေးရွာနေဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့အား၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၁၅ရက်တွင်လုပ်ကြံသတ်ဖြတ်ခဲ့၍နေအိမ်အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့သို့သတ်ဖြတ်မီးရှို့ခံရချိန်တွင် သေဆုံးသူ မိသားစုများကပိုင်ဆိုင်ပြီး လုံခြုံစွာ သိမ်းဆည်းထားသည့် ငွေကြေးနှင့် လက်ဝတ်ရတနာများ နေအိမ်ပတ်ဝန်းကျင်၌ ကျန်ရှိနေသေးသဖြင့် ပြန်လည်ရှာဖွေပေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကျန်ရှိမိသားစုဝင်များက သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် အကူအညီတောင်းခံ ခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ အားခြင်းသွားရောက် ရှာဖွေ ပေးခဲ့ရာ လက်ဝတ်ရတနာများနှင့်ငွေသား လက်ကျန်များကို ပြန်လည်တွေ့ရှိခဲ့ ရသဖြင့် ယနေ့တွင် ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြမ်းဖက် သမားများ၊ အကြမ်းဖက်လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်၍ လုံခြုံရေးအရ နေ့၊ ည အချိန်အခါမရွေး လိုအပ်ချက်အရ နေအိမ်များအတွင်း ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ရလေ့ရှိသော်လည်း အကြမ်းဖက်အုပ်စုနှင့် ဆက်စပ်လက်နက်/ ခဲယမ်း၊ မိုင်းများကိုသာ ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူ လူထု၏ ပိုင်ဆိုင်မှုများအား လုံးဝထိပါးပျက်စီးစေခြင်းမပြုရန်နှင့် လိုအပ်သည့်အကူ အညီများအား စိတ်ရင်းစေတနာဖြင့် ကူညီစောင့်ရှောက်ရန် ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် အယောင်ဆောင် လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများလည်း ဖြစ်ပေါ်လေ့ရှိသဖြင့် ရှာဖွေစစ်ဆေးစဉ် ထိခိုက်နစ်နာမှုများ ရှိပါက ကာယကံရှင်များက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရမည့် ဖုန်းနံပါတ်များကို တိုင်ကြားနိုင်ကြောင်း၊ အကူအညီရယူလိုပါကလည်း အကူအညီတောင်းခံနိုင်ကြောင်း သတင်းရရှိသည်။