Quarantine Center  တွင်ထားရှိသည့် အိန္ဒိယနိုင်ငံမှပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆက်လက်ဆောင်ရွက်

Quarantine Center  တွင်ထားရှိသည့် အိန္ဒိယနိုင်ငံမှပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၂၁
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ  တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါသီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိသည့် Quarantine Center ၌ထားရှိပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိသည်။
    
ယင်းသို့ ဆောင်ရွက်ပေးရာတွင် နေရပ်ပြန် မြန်မာနိုင်ငံသားများအား တပ်မတော် သားပါရဂူများ၊ ဆရာဝန်များက အထွေထွေရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့ ကောင်းမွန်စွာ နေထိုင်စားသောက်ရေး များကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် Quarantine  ထားရှိပြီးပါက  ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရး လိုအပ်သည်များ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။