Quarantine Center တွင်ထားရှိသည့် အိန္ဒိယနိုင်ငံမှပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

 

Quarantine Center တွင်ထားရှိသည့် အိန္ဒိယနိုင်ငံမှပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

နေပြည်တော်၊ မတ် - ၂၃
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ  တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ Covid-19  ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိသည့် Quarantine Center ၌သီးသန့်ထားရှိရာ ယနေ့တွင် သတ်မှတ်ရက် ပြည့်မြောက် သဖြင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးသည်။
    
ထိုသို့ပို့ဆောင်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဘေးအန္တရယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။